Home Account
Photos People Blogs Forums Groups Events Videos About Us Help
  •  
 
 
About Us

First Outing_Singaporeဓာတ်ပုံချစ်သူများ၊ ၀ါသနာရှင်များ၊ ဓာတ်ပုံပညာနဲ့ ပါတ်သက်ပြီး လေ့လာချင်သူများ၊ မေးမြန်းချင်သူများ၊ သုတရှာချင်သူများ အားလုံး အဆင်ပြေအောင်၊ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်လေး စုံစုံလင်လင် သိနိုင်မယ့် Website တစ်ခု စတင် တည်ထောင် မယ်ဆိုပြီး စိတ်ကူးရှိခဲ့ပါတယ်။ ဒီလိုနဲ့ www.MyanmarLensman.com ဆိုတဲ့ ယခု Myanmar Photography Website ကို 31/05/2009 မှာ မွေးဖွားခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဓာတ်ပုံပညာရှင်တွေရဲ့ Knowledge တွေ၊ Experience တွေ၊ Photo တွေကို တစုတဝေးတည်း ရှိနေစေချင်တာပါ။ ယူလဲယူ၊ မျှလဲမျှ၊ မိတ်ဆွေတွေလဲ ရကြမယ်ပေါ့။


Second_Outing_Singaporeစတည်ထောင်ခါစကတော့ Member ကလဲ တယောက်စ နှစ်ယောက်စ ပဲရှိပါတယ်။ တချို့ကလဲ အားပေးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဓာတ်မကျပဲ ဖြည်းဖြည်းမှန်မှန် ဆက်လျှောက်သွားခဲ့တာဟာ ယနေ့ မြင်ရတဲ့ အနေအထားအထိ ဖြစ်လာခဲ့ပါတယ်။ စစချင်း သုံးလေးလအတွင်းမှာ Member အများစုက Singapore က ပါ။ ဒီတော့ Singapore မှာ တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ စုပေါင်း ဓာတ်ပုံရိုက်ထွက်ဖြစ်ခဲ့ကြပါတယ်။ ပျော်စရာလည်း အင်မတန်ကောင်းပါတယ်။ ပညာလည်း အင်မတန်ရပါတယ်။ နောက် Lens တွေ Device တွေ ဘယ်နားက၀ယ်တယ်၊ ဘယ်နားမှာငှားကြတယ်၊ ဘယ်နားမှာဈေးချိုတယ်၊ ဘယ်လိုသုံးကြတယ် စသည်ဖြင့် အလွတ်သဘော မေးမြန်း ဆွေးနွေးခဲ့ ကြပါတယ်။ စင်္ကာပူမှာတော့ MyanmarLensman.com member များ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။


Photo Outing to Marina Barrageနောက်ပိုင်း Member အများစုက မြန်မာပြည်က ဖြစ်လာကြပါတယ်။ ရန်ကုန်၊ မန္တလေး သာမက နယ်က Member တွေလဲ တဖြေးဖြေးများလာပါတယ်။


မြန်မာပြည်အနှံ့က ရှုခင်းများ၊ ဓလေ့သာဝများကို ဓာတ်ပုံအနေနဲ့ အနုပညာရသမြောက်စွာ ခံစားရတာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ တကယ့်ကို အလွမ်းပြေစရာပါပဲ။




Lensman 4th Outing (Old French Embassy) Member တွေများလာတော့ စည်မျဉ်းစည်ကမ်းက အစ စနစ်ကျအောင် ပြန်လည်ဖွဲ့စည်းရပါတယ်။ Admin များကိုလည်း တိုးချဲ့ အကူအညီ တောင်းရပါတယ်။ အားတက်သရော ၀ိုင်းဝန်းကူညီနေကြတဲ့ Admin များကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

ဒီထက်ဒီ တိုးတက်ကောင်းမွန်အောင် အစဉ်ကြိုးစားသွားပါမယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။

MyanmarLensman.com
Contact Us: [email protected]

Copyright © 2013 MyanmarLensman.com. Powered by ShweBiz.com.