ဓာတ်ပုံပညာနဲ့ကင်မရာတွေရဲ့ သမိုင်းကြောင်းတွေ၊ ဆန်းသစ်တီထွင်မှုတွေကို အစအဆုံးလေ့လာနေမယ်ဆိုရင်တော့ ပြီးဆုံးနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဘယ်အချိန်က ဘာတွေတီထွင် ရှာဖွေ တွေ့ရှိတီထွင်ခဲ့ကြတယ်ဆိုတာလောက်ပဲ ဗဟုသုတအနေနဲ့ လေ့လာကြပါစို့။
ပုံ (၁)The oldest known photograph in the world of a 17th century Flemish engraving, made by the French inventor Nicephore Niepce in 1825, with an heliography technical process.
ဘီစီ ၄ရာစု၊ ဘီစီ ၅ရာစုလောက်မှာကတည်းက တရုတ်နဲ့ဂရိအတွေးအခေါ်ပညာရှင်တွေက အလင်းနဲ့ ကင်မရာရဲ့အခြေခံသဘောတရားတွေကို စတင်စူးစမ်းလေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။
အာရပ်လူမျိုးသိပ္ပံပညာရှင် Ibn al-Haytham (Alhazen) (965–1040) က အေဒီ ၁၀၂၁ မှာ Book of Optics ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ အလင်း နဲ့ Obscura လို့ခေါ်တဲ့ အလင်းလုံသေတ္တာအကြောင်းကို ရှင်းလင်းစွာဖော်ပြ မှတ်တမ်းတင်ခဲ့တယ် လို့ ဆိုပါတယ်။
- ၁၆၆၄-၁၆၆၆ Isaac Newton က အလင်း နဲ့ အရောင်တွေရဲ့ အထားအသို၊ အယူအဆ သဘောတရားတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။
- ၁၇၂၇ Ohann Heinrich Schulze က ငွေဓာတ်ဆားမှုန့်(silver nitrate )ဟာ အလင်းနဲ့တွေ့ရင် မည်းသွားပြီး ပုံရိပ်ပေါ်လာတယ်ဆိုတာကို စတင်တွေ့ရှိခဲ့ပါတယ်။
- ၁၈၀၂ Wedgwood က ငွေဓာတ်ဆားမှုန့်(silver nitrate ) သုတ်ထားထဲ့ စက္ကူကို အလင်းပေးလိုက်ရင် ပုံရိပ်ပေါ်လာကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပုံရိပ်က နေရောင်အောက်မှာ ခဏပဲခံပြီး ပျောက်သွားပါတယ်။
- ၁၈၂၅ Joseph Niepce က ၈နာရီလောက်ကြာအောင် အလင်းပေးပြီး ကူးရတဲ့ Heliograph လို့ ခေါ်တဲ့ ပထမဆုံး ကြာရှည်ခံတဲ့ ဓာတ်ပုံကို ထုတ်လုပ်ခဲ့ပါတယ်။
ပုံ(၂) ကမ္ဘာ့ ပထမဆုံး ရုပ်သေဓာတ်ပုံ
- ၁၈၃၇ Fox Talbot သည် ငွေ သုတ်ထားသော စက္ကူဖြင့် ပထမဆုံး Negative ကို တီထွင်ခဲ့ပြီး ထိုနည်းပညာဖြင့် ၁၈၃၉ ခုနှစ်တွင် Negative မှ ပုံပွားများ ကူးယူနိုင်ခဲ့သည်။
- ၁၈၃၉ Louis Daguerre က Daguereotype ဟုခေါ်သော သတ္တုပြားပေါ်တွင် Positive ပုံဖော်ခြင်းကို တီထွင်ခဲ့သည်။ ပုံပေါ်လာရန် မိနစ် ၃၀ မျှ ကြာမြင့်သည်။
- ၁၈၃၉ Sir John Herschel သည် Hypo (Sodium Thiosulphate) ကို စတင်တွေ့ရှိခဲ့ပြီး Photography, Negative, Positive စသော စကားလုံးများ စတင်တီထွင်သုံးစွဲသည်။
ပုံ(၃) ကမ္ဘာ့ပထမဆုံး ကာလာဓာတ်ပုံ
၁၈၄၁ Petzval သည် သင်္ချာနည်းဖြင့် တွက်ချက်ထားသော F/3.6 ရှိ မှန်ဘီလူးကို ပထမဆုံးတီထွင်ခဲ့သည်။ ၁၈၈၈ George Eastman သည် Kodak No.1 Film Camera ကို ပထမဆုံးတီထွင်ခဲ့သည်။ ၁၉၄၇ Dr. Edwin Land က ရိုက်ပြီးချက်ချင်းပုံထွက်သော Polaroid Camera ကို တီထွင်ခဲ့သည်။
ပုံ(၄) ကမ္ဘာ့ပထမဆုံး ညတွင်ရိုက်သည့်ဓာတ်ပုံ
၁၉၇၅ Stevan J Sasson သည် ဒစ်ဂျစ်တယ်ကင်မရာကို တီထွင်ခဲ့ပြီး ထိုတီထွင်မှုမှ Kodak ကုမ္ပဏီသည် ပထမဆုံး ဒစ်ဂျစ်တယ်ကင်မရာ Apple QuickTake 100 ကို ၁၉၉၄ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စတင်ဖြန့်ဖြူးရောင်းချသည်။ ၁၉၇၈ Konika မှ ပထမဆုံး point-and-shoot auto focus ကင်မရာကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉၈၄ Canon မှ ပထမဆုံး digital electronic still camera ကို သရုပ်ပြမိတ်ဆက်ခဲ့သည်။ ၁၉၈၅ Pixar မှ Digital Image Processor ကို မိတ်ဆက်ခဲ့သည်။ ၁၉၉၀ Eastman Kodak မှ ဓာတ်ပုံစီဒီကဲ့သို့ ဒစ်ဂျစ်တယ်ပုံများသိမ်းဆည်းနိုင်ရင် တီထွင်ခဲ့သည်။
(ဆက်ပါဦးမည်)
- There are no comments yet










