Home Account
Photos People Blogs Forums Groups Events Videos About Us Help
  •  
 
 
Actions
Sponsor of MyanmarLensman

ShweBiz.com

Rate
2 votes
Overview
24.08.2010 (1003 Days Ago)
Categories
Others (4 posts)
Photography Tips (1 posts)
Tags
ကင်မရာအမျိုးအစားများ
ကင်မရာအမျိုးအစားများ
1003 days ago 4 comments Categories: Others Tags:
blog_42_0.jpg

ဓာတ်ပုံပညာကို စပြီးလေ့လာတော့မယ်ဆိုရင် ကင်မရာအမျိုးအစားတွေကိုလည်း သိထားသင့်ပါတယ်။  အခုအချိန်မှာ ဒစ်ဂျစ်တယ်ကင်မရာတွေကိုပဲ အသုံးများလာတဲ့အတွက် အောက်မှာပြောထားတဲ့ ကင်မရာတွေဟာ ဒစ်ဂျစ်တယ်ကင်မရာတွေကိုပဲ ရည်ရွယ်ထားပါတယ်။ ဒီနေ့ခေတ် ဈေးကွက်ထဲမှာရှိနေတဲ့ ကင်မရာတွေကို အကြမ်းအားဖြင့် (၃)မျိုး ခွဲခြားလို့ရပါတယ်။

 

  1. Comsumer Camera (အပျော်တမ်းအဆင့်သုံး ကင်မရာ)
  2. Prosumer Camera (၀ါသနာရှင်အဆင့်သုံး ကင်မရာ)
  3. Professional Camera (လုပ်ငန်းသုံး ကင်မရာ)

 

ဒါတွေက အကြမ်းဖြင်းအားဖြင့် ခွဲခြားထားတာပါ။ Professional Camera မှာမှ တချို့ကင်မရာအမျိုးအစားတွေကို semi-pro ဆိုပြီး ခေါ်ဝေါ် သုံးနှုန်းကြတာမျိုးတွေ ရှိပါတယ်။ အောက်မှာ အသေးစိတ် ဆက်ရှင်းပါမယ်။

၁။ Comsumer Camera (အပျော်တမ်းအဆင့်သုံး ကင်မရာ)

ဒီကင်မရာအမျိုးအစားကို ဈေးနှုန်းသက်သက်သာသာနဲ့ဝယ်ယူနိုင်ပြီး အများစုက အိမ်သုံးအဆင့်ကိုပဲ ရည်ရွယ်ထုတ်လုပ်ထားကြတာဖြစ်တယ်။ Point-and-shoot ကင်မရာလို့လဲခေါ်သလို Compact ကင်မရာလို့လဲခေါ်ကြပါတယ်။ လုပ်ဆောင်ချက်တွေကို လွယ်ကူရှင်းလင်းစွာ အသုံးပြုနိုင်ပြီး အခုဆိုရင် resolution က Mega Pixel တော်တော်မြင့်မြင့်ရအောင် အသုံးပြုနိုင်လာတာကို တွေ့ရပါတယ်။ ဒီကင်မရာအမျိုးအစားတွေကို မိသားစုသုံးဖို့နဲ့ တကိုယ်ရေမှတ်တမ်းတင်ဖို့အတွက်ရည်ရွယ်ကြသူများသာ ၀ယ်ယူကြတာတွေ့ပါတယ်။

ပုံ(၅) Comsumer Camera

 

 

 

Point-and-shoot ဆိုတဲ့အတိုင်း အထွေအထူးဘာမှ ပြင်ဆင်ပြုလုပ်စရာမလိုပဲ ကိုယ်ရိုက်လိုတဲ့ အရာဝတ္ထုတွေကို ချိန်ပြီး ရိုက်လိုက်ရုံပါပဲ။ ကင်မရာမှာပါတဲ့ လုပ်ဆောင်ချက်တွေက အလိုအလျောက် လုပ်ဆောင်ပေးသွားပြီး ကိုယ်လိုချင်တဲ့ ပုံရိပ်ကို ရယူနိုင်ပါတယ်။ မိသားစုသုံး၊ အိမ်သုံးဖြစ်တဲ့အတွက် ဒီကင်မရာအမျိုးအစားမှာလဲ ပုံရိပ်ဖမ်းယူရာမှာ မော်ဒယ်အလိုက် လုပ်ဆောင်ချက် အကန့်အသတ်တွေရှိနေနိုင်ပါတယ်။


၂။ Prosumer Camera (၀ါသနာရှင်အဆင့်သုံး ကင်မရာ)

Professonal နဲ့ Comsumer ဆိုတဲ့ စကားလုံး ၂ခုကို ပေါင်းစပ်ပြီး Prosumer လို့ ခေါ်ကြခြင်းဖြစ်ပါတယ်။ ဒီကင်မရာ အမျိုးအစားကတော့ ဈေးကြီးပြီး လုပ်ဆောင်ချက်များလှတဲ့ Professional ကင်မရာတွေကို လက်လှမ်းမမီသေးတဲ့ ဓာတ်ပုံဝါသနာရှင်တွေ.. အခုမှ စတင်ပြီး ဓာတ်ပုံပညာကို လေ့လာလိုတဲ့လူတွေ အများဆုံး အသုံးပြုကြပြီး တော်တော်လည်း အသုံးတည့်တာကိုတွေ့ရပါတယ်။ တနေ့တခြား ဈေးကွက်မှာ နေရာရလာပြီး အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေ တဖြည်းဖြည်းစုံလင်ကောင်းမွန်လာတဲ့ ကင်မရာအမျိုးအစားဖြစ်ပါတယ်။ Sensor ရဲ့အရည်အသွေး ကလည်း တကယ့် Professional ကင်မရာတွေအလား ကောင်းမွန်တာကို တွေ့ရပါတယ်။

 

ပုံ(၆) Prosumer Camera

 

ပုံရိပ်အရည်အသွေးမှာလည်း Mega Pixel တော်တော်များများရတဲ့အထိ ကောင်းမွန်လာပြီဖြစ်ပါတယ်။ Professional ကင်မရာတွေကို မယှဉ်နိုင် သေးတဲ့ အဓိက အချက်ကတော့ မှန်ဘီလူးကို စိတ်ကြိုက်လဲလှယ် တပ်ဆင်လို့မရသေးတာရယ်။ Sensor ရဲ့အရွယ်အစားရယ်နဲ့ မှန်ဘီလူးအရည်အသွေးတို့ပဲ ဖြစ်ပါတယ်။

 

 

၃။ Professional Camera (လုပ်ငန်းသုံး ကင်မရာ)

ဒီကင်မရာအမျိုးအစားကတော့ အရင်ကသုံးခဲ့တဲ့ ဖလင်ကင်မရာတွေရဲ့အရည်အသွေးကို မီအောင် ခေတ်မီဒစ်ဂျစ်တယ် နည်းပညာနဲ့ တီထွင်ထားတဲ့ ကင်မရာအမျိုးအစားတွေပါပဲ။ ဒါပေမယ့် အခုအချိန်ထိတော့ 35mm flim ရဲ့ Resolution ကို မီလုမီခင်အနေအထားမှာပဲရှိ သေးတယ်လို့ မှတ်သားရဖူးပါတယ်။ စီးပွားဖြစ်ဓာတ်ပုံဆရာတွေ၊ ဓာတ်ပုံဝါသနာရှင်တွေ၊ ဓာတ်ပုံပညာရှင်တွေ အများဆုံး အသုံးပြုကြတဲ့ ကင်မရာအမျိုး အစားပဲဖြစ်ပါတယ်။

ပုံ(၇) နီကွန် DSLR ကင်မရာ

ဒစ်ဂျစ်တယ်ခေတ်မှာ ဒီကင်မရာအမျိုးအစားတွေကို DSLR လို့လဲ ခေါ်ကြပါတယ်။ D ဆိုတာက Digital၊ S L R ဆိုတာက Single-lens reflex ကို ခေါ်တာပါ။ ဒစ်ဂျစ်တယ်နဲ့ ပြုလုပ်တီထွင်ထားတာဖြစ်တဲ့အတွက် ဖလင်ကင်မရာတွေထက် အားသာချက်တွေကတော့ အများကြီးရှိပါတယ်။ နောက်ပြီး ကင်မရာထုတ်တဲ့ ကုမ္ပဏီအလိုက် DSLR ချင်းအတူတူ အားသာချက် အားနည်းချက်တွေရှိပါတယ်။ စိတ်ကြိုက်ကင်မရာအမျိုးအစားကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။

 

ပုံ(၈) ကင်နွန် DSLR ကင်မရာ

 

နောက်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် သင့်တော်တဲ့ မှန်ဘီလူးတွေကိုပဲ လဲလှယ်တပ်ဆင်အသုံးပြုလို့ရပါတယ်။ ဥပမာ. ကင်နွန်ကင်မရာအမျိုးအစားကို သုံးတယ်ဆိုရင် ကင်နွန်က ထုတ်တဲ့မှန်ဘီလူး ဒါမှမဟုတ် ကင်နွန်ကင်မရာတွေအတွက် သီးသန့်ရည်ရွယ်ပြီး တခြားကုမ္ပဏီက ထုတ်တဲ့ မှန်ဘီလူးပဲ တပ်ဆင်လို့ရမှာဖြစ်ပါတယ်။ ကင်နွန်ကင်မရာကို ကိုင်ထားပြီး ဆိုနီ ကထုတ်တဲ့ မှန်ဘီလူးကို တပ်ဆင်လို့ရမှာ မဟုတ်ပါဘူး။

 

ပုံ(၉) ဆိုနီ DSLR ကင်မရာ

 

 

DSLR ကင်မရာဝယ်တော့မယ်ဆိုရင်တော့ တံဆိပ်အလိုက် ရွေးချယ်စရာတွေ၊ မော်ဒယ်အလိုက်ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဘယ်တံဆိပ် ဘယ်ကင်မရာက အကောင်းဆုံး ဆိုတာရယ်လို့တော့မရှိပါဘူး။ ကိုယ့်အတွက် ရိုက်ရတာအဆင်ပြေမယ်ဆိုရင် ပြီးတာပါပဲ။ ဒါပေမယ့် ဒီကင်မရာအမျိုးအစားတွေက တခါဝယ်လိုက်တာနဲ့ ပြီးသွားတတ်တာမျိုးမဟုတ်ပါဘူး။ ရိုက်ရင်းရိုက်ရင်းနဲ့ ရိုက်တတ်လာလေလေ ၀ယ်စရာ အပိုပစ္စည်းတွေက ပေါ်လာလေလေပဲဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ငယ်ငယ်က လူကြီးတွေ ပြောတာကြားဖူးတာလေး ပြန်ပြောရရင် '' လူတစ်ယောက်ကို ကြည့်မရအောင် အမြင်ကတ်ရင် ကင်မရာ လက်ဆောင် ၀ယ်ပေးလိုက်။" တဲ့။ ဘာဖြစ်လို့ အဲလိုပြောကြလဲဆိုတာ မြန်မာလန်းစ်မန်းက မန်ဘာတွေ စဉ်းစားကြည့်ကြပါ။

 

(ဆက်ပါဦးမည်)

Comments
Order by: 
Per page: 
 
  •  phyomgmg wrote 892 Days Ago (neutral) 
     
    0
    လူကြီးတွေ ပြောတာကြားဖူးတာလေး ပြန်ပြောရရင် '' လူတစ်ယောက်ကို ကြည့်မရအောင် အမြင်ကတ်ရင် ကင်မရာ လက်ဆောင် ၀ယ်ပေးလိုက်။" တဲ့။
    ကျွန်တော့်စိတ်ထင်တော့ အိမ်ထောင်သည်ဆိုရင် ကွဲသွားအောင်၊ လူပျိုလူလွတ်ဆိုရင် မွဲသွားအောင် လို့ထင်တာပဲ။
     
       
     
     
    0 points
     
  •  zawzaw wrote 997 Days Ago (neutral) 
     
    0
    သူများတွေကြည့်လို့ ရ မရတော့ မသိဘူး.. အိမ်ကမိန်းမကတော့ တော် တော်အမြင်ကတ်နေပြီ...
    ဒါလေးတော့ဝယ်ပေးပါ သုံးချင်လို့ပါ.... ဒါလေးက မရှိ မဖြစ် လို့ပါ... ဒါလေးဝယ်ပြီးရင်ပြည့်စုံပြီ...
    ဒါဝယ်ပြီးရင်ထပ်မဝယ်တော့ပါဘူး... ဈေးကျနေတုန်းဝယ်ထားလိုက်ရမှာ....
    ခေါင်းစဉ်တွေပြောင်းသွားပေမယ့် ဝယ်မြဲ ဝယ်နေတော့ ဇနီးချောတာ နဂါးဆိုရင် သူ့မျက်စောင်းနဲ့ ကျနော် ပြာကျတာ ကြာပြီ.....:(
     
       
     
     
    0 points
     
  •  artistngelay2009 wrote 997 Days Ago (neutral) 
     
    0
    Hi bro ,
    Your sharing is very precious for us ..
    I want to know which kind of lens is more perfect for 5DMark II.Please !!
     
       
     
     
    0 points
     
  •  Harry wrote 1001 Days Ago (neutral) 
     
    0
    သြော်.. လက်စသတ်တော့ ကျနော်တို့ လန်းစ်မန်းတွေက ကိုယ့်ဟာကိုယ် တော်တော် ကြည့်မရလောက်အောင် အမြင်ကတ်နေကြတာပါလားနော် :P hehe
     
       
     
     
    1 point
     
Copyright © 2013 MyanmarLensman.com. Powered by ShweBiz.com.