Rate
5 votes
Categories
Tags
![]() |
![]() |
![]() |
![]() |
Empty
|
![]() |
![]() |
![]() |
![]() |
အောင်မြင်သော Cameraman တို့၏ လျို့ဝှက်ချက်
အောင်မြင်သော Cameraman တို့၏ လျို့ဝှက်ချက်
6 Secrets to become a successful Cameraman
Harvey Glen ၏ Successful Camera Carrer ကို ဘာသာ ပြန်ဆို သည်။
အောက်ဖေါ်ပြပါ အချက်တွေထဲက တချို့အချက်တွေကို myanmarlensman.com က ဦးဆောင်ပြီး အကောင်အထည်ဖေါ်ထားတာ တွေ့ ရပါတယ်၊ Gathering တွေ စီစဉ်ပြီး Cameraman တွေကို ဆုံတွေ့စေပြီး အတွေ့အကြုံရှိထားသူတွေ လက်သစ်တွေကို ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်း၊ လက်လှမ်းမှီသမျှ နည်းပညာအသစ်တွေနဲ့ ဓါတ်ပုံရိုက်နည်း အချို့ကို post လေးတွေမှာ ရှင်းပြထား တာတွေ့နိုင်ပါတယ်။
ကောင်းပြီ ... ကျွန်တော်တို့ နိုင်ငံတကာက သက်မှတ်ချက်ပေးထားတဲ့ Successful cameraman ဖြစ်ဖို့ လိုအပ်ချက်တွေကို လေ့လာရအောင် ...
ပထမ အချက်သည် သင်ဟာ Professional ဆိုတဲ့ လူတွေရဲ့ ပြောဆိုမှု ဆွေး နွေးမှုတွေကို အမြဲနားစွင့်နေရပါမယ်၊ ဒါကို “ နေ့တိုင်းဟာ ကျောင်းတက်ရက်တွေ “ လို့ပဲ မှတ်ရပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ နေ့စဉ်နဲ့ အမျှထွက်နေတဲ့ နည်းပညာအသစ်တွေ မပြတ်လေ့လာနေ ရပါမယ်။ သင့်ရဲ့ ရှေ့တက်မယ့်လမ်းမှာ ဒီအချက်ကို အမြဲဆုပ်ကိုင်ထားရ
.
အောင်မြင်သော Cameraman များဖြစ်ကြ ပါစေ။
Sky Blue
ပါမယ်။ ငါအားလုံးကို သိနားလည်နေပြီလို့ မှတ်ယူထားသူတွေဟာ အမြဲတမ်း အသစ်ထွက်ပေါ်နေတာတွေကို လေ့လာ
လေ့ကျင့်နေသူတွေရဲ့ နောက်မှာ အမြဲကျန်ရစ်နေ ပါလိမ့်မယ်၊ ဒီအချက်ဟာ အတော်များများသော
လုပ်ငန်းလမ်းကြောင်းတွေ အတွက် အမြဲမှန်ကန်ပါတယ်၊ ဒီကနေ့ Cameraman တို့ရဲ့ တိုးတက်တဲ့ ကမ္ဘာမှာ
အမြဲတမ်းနည်းပညာ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သင်ဟာ ဒီအချက်ကို လုံးဝ လျစ်လျုရှုလို့ မရဘူး ဆိုတာမှတ်ထား ရပါမယ်။
.
ဒုတိယ အချက်ကတော့ မြင်တတ်မှု နဲ့ အမြင်စူးရှမှု (Good Eye) ဟာလဲ သင့်ကို Successful Cameraman ဖြစ်စေဖို့
အထောက်အပံ့ လှို့ဝှက်ချက် တခုပဲပေါ့။ ဒါဟာ ကောင်းမွန်တဲ့ ရိုက်ချက်တွေကို ရိုက်နိုင်တဲ့ အားသာချက် တခုပါပဲ၊
ပုံရိုက်သူရဲ့ လိုအပ်တဲ့ စွမ်းရည်တစ်ခုလည်း ဖြစ်ပါတယ်၊ ဆိုချင်တာကတော့ ဘယ်လိုရိုက်ရင်ကောင်းမယ်
ဘယ်လိုဆိုရင် မကောင်းဘူး ဆိုတာတွေကို ခွဲခြား သိမြင်နိုင်ခြင်း ပါပဲ။ ဒီအတွက် အချိန်လိုအပ်ပါတယ် ဒါပေမယ့်
တချို့က ပုံမှန် လူတော်တော်များများမှာ ရှိတဲ့ အဆင့်ထက် ပိုသာနေတတ်ပါတယ်၊ အကယ်လို့ ဒီလူဟာ
သင်ဖြစ်ခဲ့မယ် ဆိုရင်တော့ သင့်မှာ Cameraman ကောင်းတယောက်ဖြစ်ဖို့ ခိုင်မာသေချာတဲ့ အချက်တခု ရှိနေပြီလို့
ဆိုရပါမယ်။
.
တတိယ အချက်ဟာဖြင့် သင်ဟာ တည်ငြိမ်ပြီး ဖိအားတွေရဲ့အောက်မှာ လျင်မြန်စွာ လုပ်ကိုင်တတ်တဲ့
စွမ်းရည်ရှိခြင်း ဖြစ်ပါတယ်၊ စိတ်ဖိစည်းမှုတွေ ပြည့်နေချိန်မှာ သင့်ရဲ့ မျက်နှာမှာ အမြဲအပြုံးတခုကို
ဆောင်ထားရပါလိမ့်မယ်။ Cameraman ဆိုတဲ့ အဆင့်ဟာ အလွန် စိတ်ဖိစည်းမှုများနိုင်တာကို သင်သိမှာပါ
ဘာကြောင့်လဲဆိုတော့ ပုံရိုက်ယူနေစဉ် ကန့်သက်ချိန် ဆိုတာကြောင့်ပါပဲ၊ အကယ်၍ သင်ဟာ တစုံတခု အဖြစ်အပျက်
ရှုခင်း တခုကို ရိုက်နေချိန်မှာ အလွန်တိုတောင်းတဲ့အချိန်အတွင်း သေသပ်ကောင်းမွန်တဲ့ ပုံကိုရရှိဖို့ သင့်ကိုယ်သင်
ယုံကြည်မှု နဲ့ တည်ငြိမ်မှု တို့ကလည်း တချိန်တည်း ရှိနေ ရမှာဖြစ်ပါတယ်။ သေချာ ကောင်းမွန်တဲ့ အပြီးသတ်
ရလဒ်တွေနဲ့ သင့်ရဲ့ Professional ဆိုတဲ့ အဆင့်အတန်းကို မဖြစ်မနေ သင်ထိမ်းထားရပါမယ်။ ဒါကတော့
အောင်မြင်တဲ့ ကင်မရာဆရာ တွေ နားလည်ယုံကြည် လိုက်နာကြတဲ့ လျှို့ဝှက်ချက် တခုပဲဖြစ်ပါတယ်။အောင်မြင်သော ကင်မရာဆရာ တွေရဲ့ စတုတ္ထ လျှို့ဝှက်ချက်ကတော့ တယောက်တည်း အလုပ်လုပ်နိုင်စွမ်း ရှိသလို
အများအစုအဖွဲ့နဲ့လည်း တွဲဖက်လုပ်ဆောင် နိုင်စွမ်း ရှိခြင်းဖြစ် ပါတယ်။ သင်မှာ သင်တဦးတည်းလုပ်ဆောင်ခြင်း နှင့်
ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ နှစ်ခုလုံး ရှိနေဖို့လိုအပ်ပါတယ်။ လူအမျိုးမျိုး တို့ရဲ့ မတူညီတဲ့ အပြုအမူ၊ အပြောအဆို၊
အနေအထိုင်၊အကျင့်အကြံ တွေကို သင်ဟာ ကောင်းစွာ သိရှိမှာဖြစ်တယ်၊ အောင်မြင်တဲ့ကင်မရာသမားတွေမှာ
စိတ်ဝင်စားမှု ရှိသော (Enthusiastic)၊ စိတ်ဓါတ်ပြင်းပြသော (Passionate)၊ တိကျသေချာသော (Positive)
အတွေးအခေါ်သစ်တွေကို စဉ်းစားတွေးတောရန် လိုလားသော (Open-minded)၊ ဆုံးဖြတ်ချက် (Determined)
ဆိုတွေရှိပါတယ်။.
ပဉ္စမ အချက်ဟာဖြင့် ပုံကောင်းတွေ တွက်အောင် အမြဲတမ်း စိတ်အားထက်သန်မှု နှင့် အကောင်းမြင်မှု တွေနဲ့ ရှေ့ရှု
ခြင်းပေါ့၊ အကောင်းမြင်တတ်မှု နဲ့ စိတ်အားထက်သန်မှုတွေက ကောင်းသော သဘောထားတွေဖေါ်ဆောင်နိုင်ပြီး အမြဲတမ်း သင့်ကို သင့်ပြိုင်ဖက်တွေ ထက်မြင့်အောင် တွန်းပို့ သွားပါလိမ့်မယ်။
.
ဆဋ္ဌမ အနေနဲ့ ပြဿနာ တခုကို အကောင်းဆုံးဖြေရှင်း နိုင်မယ့်နည်းလမ်းကို ရှာဖွေခြင်း ပါ၊ Cameraman
တယောက်အတွက် အဆက်မပျက် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်ပါတယ်၊ အနုပညာ တခုဖြစ်တဲ့ အတွက် ပိုမိုရှုပ်တွေးတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒါတွေကို သင်ဟာတည်တည်ငြိမ်ငြိမ်နေနဲ့ ဖြေရှင်းနိုင်တဲ့ အနေအထား မှာရှိတဲ့ စွမ်းရည် လိုအပ်ပါတယ်၊ ဒါဟာဖြင့် သင့်ရဲ့ Profession အတွက် အမြဲတမ်းယူဆောင်သွားရမှာပါ ဒါကြောင့် ဒီအရည်အသွေးကို မြင့်မားအောင် လုပ်ဖို့ သင့်ရဲ့ထောက်အပံ့အဖြစ် အစောဆုံးကတည်းက လိုအပ်ပါတယ်။
အောင်မြင်သော Cameraman များဖြစ်ကြ ပါစေ။
Sky Blue
Comments
Order by:
Per page:
sawjohn wrote 350 Days Ago (neutral) 0ဆရာလေးရေဓါတ်ပုံပညာလေးလေ့လာခင်လို့ဘယ်လိုဆက်သွယ်ရမလဲဗျာ..မသိတာလေးတွေသိချ င်လို့ပါပြန်လည်ဖြေကြားပေးပါလို့မေတ္တာရပ်ခံပါတယ်...ကျွန်တော်ကတော့ကိုရီးယားမှာပါအပျော်တမ်းဓါတ်ပုံဝါသနာရှင်ပါ .ကျေးဇူးတင်ပါတယ်နော်....0 pointszawlynnhtin wrote 391 Days Ago (neutral) 0ကျွန်တော်ကအခုမှကင်မရာကိုစကိုင်တာပါ. .ဝါသနာပါတာကတော့ကြာလှပါပြီးမဝယ်နိုင် သေးလို့ပါ..ကျွန်တော်ကင်မရာက NIKON3100ပါ..
ပုံမှန်လန်တစ်ခုနဲ..55-300လန်အရှည်တစ်ခုရှိပါတယ်..အခုမှမူကြိုအဆင်ပါ..ဒါေ ပမဲဒီမို့လေးကိုအရမ်းသဘောကြပါတယ်.. ရေးတဲအကို့ကိုလဲလေးစားမိပါတယ်..ကျွန် တော်ကအခုမှအစတာဆိုတော့ဓာတ်ပုံအကြောင်းဘာမှမသိသေးပါဘူး..အကိုနောက်တင်မဲပို့ တွေ
ကိုစောင်ဖတ်ရင်းပညာယူနေမှာပါ...း)1 pointzeal_mmcp wrote 454 Days Ago (neutral) 0ခုလို ဝေမျှပေးတာ ကျေးဇူးပါဗျာ ... ဆက်ပြီးတော့ ဝေမျှပေးပါဦး0 pointsmoesat wrote 466 Days Ago (neutral) 0သိပ်ကောင်းတဲ့ပိုစ်ပါအကို။ ဝေမျှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်0 pointsZayYarHlaing wrote 561 Days Ago (neutral) 0ဒီလိုဝေမျှတဲ့ post လေးတွေရေးနိုင်တဲ့ လူတစ်ယောက်တိုးလာတာအလွန်ကောင်း၏ဗျား ...။0 points












