Home Account
Photos People Blogs Forums Groups Events Videos About Us Help
  •  
 
 
Actions
Sponsor of MyanmarLensman

ShweBiz.com

Rate
1 votes
Overview
25.08.2010 (635 Days Ago)
Categories
Others (4 posts)
Photography Tips (1 posts)
Tags
Basic Photography (အခြေခံ ဓာတ်ပုံပညာ)
Basic Photography (အခြေခံ ဓာတ်ပုံပညာ)
635 days ago 10 comments Categories: Others Tags:
blog_39_0.jpg

၁၈၃၉ ခုနှစ်မှာ သိပ္ပံပညာရှင် Sir John F.W. Herschel က Photography ဆိုတဲ့စကားလုံးကို စတင်တီထွင်သုံးစွဲခဲ့ပါတယ်။ Photography ဆိုတာက ဂရိဘာသာစကား Photos(light=အလင်း) နဲ့ Graphein (to draw = ပုံရေးခြင်း) ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး သုံးစွဲခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဓာတ်ပုံပညာ(Photography) ဆိုတာ အလင်းကို အသုံးပြုလို့ ပုံရေးဆွဲခြင်း ပါပဲ။ အဲဒါကို ဓာတ်ပုံရိုက်တယ်လို့ ခေါ်ပါတယ်။ အလင်းနဲ့ ပုံတွေ ရေးဆွဲတော့မယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ ကင်မရာပါပဲ။ Laughing ကင်မရာတွေအကြောင်းကို နောက်ပိုင်းပို့စ်တွေမှာ ဆက်ပြီး ရေးပြပါဦးမယ်။ တတ်သလောက် မှတ်သလောက်ပေါ့လေ..။ မှားတာတွေ့ရင်လဲ ပြင်ပေးကြဦးနော်..။

 

အဲဒီတော့ ကျနော်တို့ အလင်းနဲ့ပုံဆွဲဖို့ ကင်မရာကတော့ လက်ထဲမှာ ရှိနေပြီဆိုကြပါစို့။ ဒါဆို အရင်ဆုံး ဘာကို သိထားသင့်သလဲ။ ဓာတ်ပုံပညာရပ်မှာ အဓိက က အလင်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီအလင်းနဲ့ ကျနော်တို့က ပုံဆွဲရမှာလေ။ ဓာတ်ပုံပညာရပ်တွင် အလင်း ၂မျိုးရှိတယ်လို့ မှတ်သားဖူးပါတယ်။ Natural Light လို့ခေါ်တဲ့ သဘာဝအလင်းရောင်နဲ့ Artifical Light ဆိုတဲ့ ပြုပြင်ဖန်တီးထားသည့် အလင်းရောင်ဆိုပြီး ခွဲခြားထားပါတယ်။

  • သဘာဝအလင်းရောင်(Natural Light)

ကိုယ်ရိုက်လိုတဲ့ အနေအထားရအောင် နေရောင်ကို စောင့်ဆိုင်းပြီး ရိုက်ရတာမျိုးတွေရှိပါတယ်။ တခါတရံလိုအပ်ခဲ့ရင် Flash ကို သုံးရတာမျိုးလဲရှိတယ်။ တကယ်လို့ နေရဲ့အလင်းရောင်က အရမ်းပြင်းလွန်း၊ အလင်အား စူးရှလွန်းရင် Diffuser ကို အသုံးပြုသင့်ပါတယ်။ ကျရောက်နေတဲ့ အရိပ်က ကိုယ်လိုချင်တဲ့ အရာဝတ္ထုကို ဖုံးကွယ်နေတာမျိုးတို့ အရိပ်ကျလို့ မဲနေတာမျိုးဆိုရင်တော့ Reflectors တွေကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အလင်းရောင်အနေအထားရအောင် ပြုပြင်ယူနိုင်ပါတယ်။ သဘာဝအလင်းရောင်ကို အားပြုပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ အရုဏ်ဦးနဲ့ ညနေဆည်းဆာအချိန်တွေက အသင့်တော်ဆုံးပါပဲ။ အဲဒီအချိန်တွေကို Golden Hour လို့ခေါ်ပါတယ်။ အခု ရောက်ရှိနေတဲ့ နိုင်ငံအလိုက် အဲဒီ Golden Hour ကို သိချင်ရင် အောက်က လင့်ခ်ကနေ တွက်ကြည့်လို့ရပါတယ်။

Golden Hour Calculator

 

စင်ကာပူနိုင်ငံရဲ့ သြဂုတ်လ ၂၀၁၀ အတွက် Golden Hour နမူနာ တွက်ပြထားတာကို လင့်ခ်ရဲ့အောက်က ပုံမှာ လေ့လာနိုင် ပါတယ်။ ကိုယ်တိုင်လည်း လင့်ခ်ကနေ တွက်ချက် စမ်းသပ်ကြည့်နိုင်ပါတယ်။ ရာသီဥတုနဲ့ နေရာဒေသတွေအပေါ်မူတည်ပြီး Golden Hour တွေက အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ အခုလို တွက်ကြည့်ပြီး အကြမ်းဖျင်းအားဖြင့်တော့ သိနိုင်တာပေါ့ဗျာ။

 

  • ပြုပြင်ဖန်တီးထားသည့် အလင်းရောင် (Artificial Light)

ဒါကတော့ ရှင်းပါတယ် စတူဒီယိုထဲမှာရိုက်ကူးတဲ့အခါ ကိုယ်ရိုက်ချင်တဲ့ အရာဝတ္ထုကို ရုပ်လုံးကြွလာပြီး ထင်ရှားပြတ်သားစေဖို့ တမင်စီစဉ်ပြုပြင်ထားတဲ့ အလင်းရောင်တွေကို ဆိုလိုတာပါ။ အဲဒီအတွက် အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေကတော့ ကိုယ်သုံးချင်တဲ့အပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

 

 

(ဆက်ပါဦးမည်)

Comments
Order by: 
Per page: 
 
  •  minhtawpaing wrote 45 Days Ago (neutral) 
     
    0
    thanks..
     
       
     
     
    0 points
     
  •  sawjohn wrote 566 Days Ago (neutral) 
     
    0
    ကျေးဇူးတင်တယ်ဗျာ
     
       
     
     
    0 points
     
  •  NyiSu wrote 612 Days Ago (neutral) 
     
    0
    arr payy par tal byar...thanks fro sharing bro =D
     
       
     
     
    0 points
     
  •  Harry wrote 617 Days Ago (neutral) 
     
    0
    jux saw this bro. Nice one =) thanks a lot
     
       
     
     
    0 points
     
  •  ZayYarHlaing wrote 634 Days Ago (neutral) 
     
    0
    ကောင်းတယ်ဟေ့ ....
    carry on.
     
       
     
     
    0 points
     
1-5 of 10
First page
Previous page
1
Next page
Last page
Copyright © 2012 MyanmarLensman.com. Powered by ShweBiz.com.