MyanmarLensman's Blogs
Camera တစ်လုံးရဲ့ Shutter သက်တမ်းကို စစ်ဆေးကြည့်ဖူးပါသလား? အဲဒါကို ဘယ်လို check လို့ရသလဲဆိုတာ Camera Makers တွေတောင် Details ကို မဖော်ပြတဲ့အတွက် တခါတရံ ရှာဖွေတွေ့ရှိဖို့ခက်ခဲနေတတ်ပါတယ်။ အခုအခါမှာတော့ Shutter သက်တမ်းကို စစ်ဆေးနိုင်ဖို့ Online Resource တွေရှိနေပါပြီ။ http://www.olegkikin.com/shutterlife/ မှာ ကျွန်တော်တို့ Camera Model ရဲ့ Shutter သက်တမ်းကိုရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ Camera အမျိုးအစားကို အဲဒီ List ထဲမှာမတွေ့ရင်လဲ Google မှာ နဲနဲရှာကြည့်လိုက်ရင် တွေ့နိုင်မှာပါ။
အခုဆိုရင် Camera Shutter မှာ သက်တမ်းတစ်ခု ရှိနေတယ်ဆိုတာကို သတိပြုမိလောက်ပြီထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့လုပ်ဖို့လိုအပ်တာက Camera ရဲ့ Current Shutter Actuation (သို့) Shutter Count ကို စစ်ဆေးဖို့လိုအပ်ပါမယ်။ ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဓာတ်ပုံဘယ်နှစ်ပုံရိုက်ပြီးပြီလဲပေါ့။ အဲဒီလို စစ်ဆေးဖို့ Freeware ကလေးတွေရှိပါတယ်။
Canon Camera များအတွက်
Canon သည် Shutter Actuation Details ကို EXIF data တွင် သိမ်းထားလေ့မရှိပါ။ ဒီတော့ Canon Camera များအတွက်ဆိုလျှင် အများနှင့်မတူ နဲနဲတော့ထူးခြားပါမယ်။ အကောင်းဆုံးကတော့ EOS Info ဆိုတဲ့ Software သုံးပြီး စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ EOS Info ဟာ Freeware ဖြစ်ပြီး ၄င်းကို http://www.astrojargon.net/EOSInfo.aspx မှာ Download လုပ်နိုင်ပါတယ်။ EOS Info က Shutter Count, Serial Number, Camera Model, Firmware Version စတဲ့ Result တွေကို ထုတ်ပေးပါလိမ့်မယ်။ DSLR အားလုံးနီးနီးနဲ့ အလုပ်လုပ်ပါတယ်။
၁) Canon Camera ကို Computer နဲ့ ချိတ်ဆက်ရပါမယ်။
၂) EOS Info Software ကို ဖွင့်ပါမယ်။ (မှတ်ချက်။ ။ Mac မှာ အဲဒီ Software အလုပ်မလုပ်ဘူးလို့ပြောကြပါတယ်။)
၃) Camera ရဲ့ Details တွေကိုမြင်ရပါမယ်။
Nikon နှင့် Pentax Camera များအတွက်
Nikon နှင့် Pentax Camera များဟာ Count Details ကို EXIF data မှာ သိမ်းလေ့ရှိကြပါတယ်။ လုပ်နည်းကတော့ http://www.myshuttercount.com မှာ နောက်ဆုံးရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလောက် (JPG သို့ RAW format ဖြင့်) ကို Upload လုပ်လိုက်ရုံသာဖြစ်ပါတယ်။
Olympus Camera များအတွက်
Olympus လည်း Shutter Actuation details ကို EXIF မှာ သိမ်းထားလေ့မရှိပါ။ သို့သော် အောက်မှာပြထားတဲ့ Trick တစ်ခုနဲ့ စမ်းကြည့်နိုင်ပါတယ်။
- Turn your camera on
- Open your memory card door
- Press “PLAY” +”OK” at the same time
- Press on the dial, in order: up, down, left and then right
- Depress the shutter release button fully
- Press up on the dial
Sony Camera များအတွက်
Sony Camera တွေမှာတော့ Shutter Count ကို စစ်ဆေးဖို့ မတွေ့ရှိသေးပါ။
အထက်ပါ Camera များအတွက် အခြားနည်းလမ်းများရှိရင်ဖြစ်ဖြစ်၊ အခြား Brand များအတွက် အခြားနည်းများတွေ့ထားရင်ဖြစ်ဖြစ် Comment ပေးရင်းနဲ့ မျှဝေ ပေးကြပါဦး။
Source: "Finding Your Camera’s Current Shutter Actuations" by Darren Rowse
cmmaung wrote 104 Days Ago (neutral) 0မငိုပါနဲ့ အနိုင်ရယ်... ရိုက်ရနေသရွေ့ မပျက်သေးဘူးမှတ်ပါ :D0 pointswinstar15 wrote 290 Days Ago (neutral) 0မငိုပါနဲ အကိုရယ် မပျက်မချင်းကောင်းသေးတယ်လိုမှတ်လိုက် :)0 pointslather wrote 293 Days Ago (neutral) 0Opanda ဆိုတဲ့ Exif ကို ဖတ်ပေးတဲ့ Freeware နဲ့လဲ စစ်ဆေး နိုင်ပါတယ်...။ ဓါတ်ပုံတစ်ပုံရဲ့ အသေးစိတ်အချက်အလက်များနဲ့တစ်ကွ ရှပ်တာအရေအတွက်ကိုပါ ဖော်ပြပေးပါတယ်။0 pointszawlynnhtin wrote 306 Days Ago (neutral) 0Shutter count: 2355
ဆိုပြီးတော့...အပေါ်လိုပြပါတယ်...အဲဒါ ဘာကိုပြောတာလဲအကို....နဲနဲလောက်ရှင်း ပြပေးပါ....းD
0 pointskophyo wrote 313 Days Ago (neutral) 0ကိုယ့်ကင်မရာရဲ့ Maximum Shutter Life အကန့်အသတ်ကို သိထားတာကောင်းတယ်ဗျ။ Timelapse ရိုက်ချင်တဲ့လူတွေဆို ပိုပြီးတောင်သိသင့်တယ်ထင်တယ်ဗျ။ တော်ကြာရိုက်ရင်းနဲ့ ကြွသွားမှ ဟုတ်ပေ့ဖြစ်နေမှာ0 points








