Filters
Canon Lens တွေရဲ့  သက်တမ်းအကြောင်း
ဒီpost လေးက အသစ်ဝယ်မယ့် သူတွေအတွက် မရည်ရွယ်ပါဘူး။ အကြောင်းကြောင်း ကြောင့် second hand ၀ယ်မည့် သူ တွေ အတွက်ပါ။ ပြီးတော့ L series lens တွေဟာ ဈေးကြီးလွန်း လို့ ပါ။ L series Lens တွေကို ဂျပန် နိုင်ငံ မှာပဲ ထုတ်လုပ်တယ် လို့  ဆိုပါတယ်။ L series lens တွေရဲ့  ထူးခြားတဲ့ သွင်ပြင် လက္ခဏာ ကတော့ Lens ရဲ့  ပြောင်းဝ မှာ (red stripe) အနီရစ် ပါခြင်းပါ။ ebay ကနေ၀ယ်တော့ မယ်ဆိုရင် တော့ date code ကို မဖြစ်မနေ ကြည့်ပါ၊ မေးပါ။
များသောအားဖြင့် Canon L series Lens တွေရဲ့  ဖင်ဘက်မှာ ပုံတွင်ဖော်ပြထားသည့် အတိုင်း Date code လို့  ခေါ်တဲ့ အက္ခရာ ၂လုံး ဂဏန်း ၄လုံးပါ code လေးတွေပါလေ့ ရှိပါတယ်။ ဥပမာ ပုံပါအတိုင်း UY0120 ဟုဆိုပါစို့ ။
ရှေ့ ဆုံးအက္ခရာ U ကတော့ Factory Code ကိုရည်ညွှန်းတာ ဖြစ်ပြီး ဂျပန်နိုင်ငံ Utsunomiya အရပ်မှာရှိတဲ့ Canon စက်ရုံကထုတ်လုပ်တာဖြစ်ပါတယ်။ ဒီ code ကို ၁၉၈၆ ခုနှစ်ကစလို့  ထည့်သွင်းဖော်ပြလာတာ ဖြစ်ပါတယ်။ Canon သည်အဓိကအားဖြင့် ဂျပန်နိုင်ငံ တွင်အောက်ဖော်ပြပါ စက်ရုံ ၃ ခုမှထုတ်လုပ်လေ့ရှိပါသည်။
U က Utsunomiya ကို ကိုယ်စားပြု ပြီး
F ကတော့ Fukushima ကို ကိုယ်စားပြုကာ
O ကတော့ Oita ကို ကိုယ်စားပြုပါတယ်။
ဒုတိယ အက္ခရာ Y ကတော့ ထုတ်လုပ်သည့် ခုနှစ်ကို ရည် ညွှန်းပါသည်။ Canon ဟာ ၁၉၈၆ ခုနှစ် ကို A လို့ စပြီး နှစ် စဉ် အက္ခရာ အစဉ်လိုက် တိုးလာခဲ့ ပါတယ်။ ၁၉၆၀ တုန်းကတော့ ပထမ ဆုံးစာလုံး Factory code မပါပဲ A ကနေပဲ စခဲ့တာဖြစ်ပါတယ်။
အောက်က ဇယားကို ကြည့်လိုက်ရင် ပိုရှင်းပါလိမ့်မယ်
A = 1986, 1960
B = 1987, 1961
C = 1988, 1962
D = 1989, 1963
E = 1990, 1964
F = 1991, 1965
G = 1992, 1966
H = 1993, 1967
I = 1994, 1968
J = 1995, 1969
K = 1996, 1970
L = 1997, 1971
M = 1998, 1972
N = 1999, 1973
O = 2000, 1974
P = 2001, 1975
Q = 2002, 1976
R = 2003, 1977
S = 2004, 1978
T = 2005, 1979
U = 2006, 1980
V = 2007, 1981
W = 2008, 1982
X = 2009, 1983
Y = 2010, 1984
Z = 2011, 1985
ဂဏန်း ၄လုံး အနက်ရှေ့ ဆုံး၂လုံးက ထုတ်လုပ်သည့်လကို ဖော်ပြပြီး နောက်ဆုံး ၂လုံးက ရက်ကိုဖော်ပြပါတယ်။ တချို့  website တွေမှာ တော့ နောက်ဆုံး ဂဏန်း ၂လုံး က meaningless လို့ လဲ ရေးပါတယ်။ ဘာပဲဖြစ်ဖြစ် ထုတ်လုပ်သည့် ခု နှစ် နှင့် လကို သိမှတော့ ရက်စွဲ လောက်ကိုတော့ assumption ပေးလို့ ရမယ်လို့ ထင်ပါတယ်။
ကိုးကား
http://dpreview.com/ ( ၁၀. ၁၁. ၂၀၁၀)
ဖတ်ဖူး၊ မှတ်ဖူး သလောက်ကို note အဖြစ်ချရေး ထားတာကို မျှဝေ ပေးခြင်းသာ ဖြစ်ပါတယ်။ အမှားပါခဲ့ ရင်လဲ ပြင်ဆင်ပေးကြပါ။ အချိန်ပေး ပြီးဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
myomin wrote 402 Days Ago (neutral) 0ကျွန်တော်က olympus e-500သုံးတာပါ။ သူ့အကြောင်းလေးသိရင်လဲပြောပြပါအုံး။ ဘာအကြောင်းပဲဖြစ်ဖြစ်ပါ။ အခုလိုမှတ်ခွင့်ရတဲံအတွက် ၀မ်းသာပါတယ်။0 pointskyawhlasein wrote 492 Days Ago (neutral) 0နောက်လဲ Canon နဲ့ပတ်သက်တဲ့အကြောင်းလေးတွေ တင်ပေးပါအုံး0 points








