MyanmarLensman's Blogs
Low light photography ဆိုသည်မှာ photographers တိုင်း ကြုံတွေ့ရမည့် အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ Wedding တွေ Dinner Party တွေမှာ Point and shoot camera နှင့်ပဲ ရိုက်သည်ဆိုဦးတော့ အလင်းရောင်မလုံလောက်တဲ့အခါမျိုးမှာ low light ကိုဖြေရှင်းဖို့ အခြေခံ concepts လေးတွေကို သိထားဖို့တော့ လိုအပ်ပါတယ်။
1. ISO မြင့်မြင့်ထားခြင်း။ ISO များလေ ကင်မရာရဲ့ sensor က အလင်းကို sensitive ဖြစ်လေပါပဲ။ ISO မြင့်မြင့်သုံးထားလို့ ဖြစ်လာတဲ့ noise တွေကို post-processing လုပ်တဲ့အခါ ပြန်လည် filtered လုပ်လို့ရပါတယ်။ RAW နဲ့ရိုက်တာဟာ post-processing လုပ်တဲ့အခါ ပိုပြီး flexible ဖြစ်စေပါတယ်။
2. Aperture ကြီးကြီးထားပါ။ Aperture ကြီးကြီးထားလေ အလင်းများများဝင်လေဖြစ်ပါတယ်။ f/5.6 ထားရိုက်တာဟာ f/18 ထက် အလင်းများများရပါတယ်။ (မှတ်ချက်။ ။ number သေးလေ၊ aperture ကြီးလေ)
3. Shutter speed ကို လျှော့ပါ။ Shutter ကြာကြာဖွင့်ထားပြီး ရိုက်စေခြင်းမှာလဲ အလင်းများများရစေပါတယ်။ ဒီနေရာမှာ Tripod ကိုအသုံးပြုပြီးရိုက်တာကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
4. Flash ကိုသုံးရမယ်ဆိုရင်တော့ camera မှာပါတဲ့ built-in flash ကို တတ်နိုင်သမျှ မသုံးပါနဲ့။ သူ့ဆီကထွက်တဲ့ အလင်းဟာ subject အပေါ်မှာ တိုက်ရိုက်အလင်းကျရောက်တာဖြစ်တဲ့အတွက် စိတ်တိုင်းကျပုံတစ်ပုံ ဘယ်လိုမှရနိုင်မှာမဟုတ်ပါဘူး။ Off-camera flash တစ်ခုဝယ်၊ Reflective surface (သို့) Diffuser တို့ကို အလျဉ်းသင့်သလို သုံးခြင်းအားဖြင့် subject အပေါ်အလင်းတိုက်ရိုက်ကျရောက်မှုကို လျော့ပါးစေပါတယ်။
5. Camera မှာပါတဲ့ exposure compensation capabilities ကိုသုံးပါ။ အခုခေတ် DSLR အများစုမှာ exposure compensation ဟာ -3 to +3 ပါဝင်တတ်ပါတယ်။ Positive side ဘက်ကိုတိုးထားပြီးရိုက်ပါ။
Uncle Admin ကဏ္ဍမှာလည်း ဒီ topic ကို တုန်ဝါးမှုန် ဆိုတဲ့ title နဲ့ဖြေကြားပေးဖူးပါတယ်။ http://myanmarlensman.com/forum/#topic/--2011-02-06.htm

Source: Low light photography tips by Richard Schneider








