test test
Photoshop ကို လေ့လာသင်ယူနေတာတော့ နည်းနည်းကြာပြီ။ ဒါပေမယ့် ဟိုတစ်လောကမှ Photoshop ထဲမှာ panoramic လုပ်လို့ရမှန်းသိတယ်။ Panoramic လုပ်လို့ရတဲ့ software တွေရှိပါတယ်။ Photoshop နဲ့ သုံးလိုသူများ သုံးလို့ရအောင် ပြန်မျှဝေတာပါ။
အရင်ဆုံး Panoramic ပုံ ရိုက်မယ်ဆိုရင် Tripod မပါရင် ရိုက်လိုတဲ့ view ရဲ့ အလည်မှာ ရပ်ပြီး ပတ်ပတ်လည် ပုံ ၄၊၅၊၆ ပုံလောက်ရိုက်ရပါတယ်။ ရိုက်တဲ့အခါ ဒုတိယပုံက ပထမပုံရဲ့ ၃ ပုံ ၁ ပုံလောက် ပါအောင် မှန်းရိုက်ပါ။ Tripod ပါရင်တော့ tripod ကို လှည့်လိုက်ရုံပဲ။
အခု ကျနော့် အိမ်ကနေ မြင်ရတဲ့ view ကို panoramic လုပ်ပြပါမယ်။
အရင်ဆုံး ဓာတ်ပုံ ၄ ပုံလောက် ရိုက်လိုက်ပါတယ်။ ရိုက်ပြီးသား အဆင်သင့်မရှိရင် လက်တည့်စမ်းလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။




1) Photoshop ထဲမှာ File>>Automate>>Photomerge ဆိုတာကို ရွေးပါ။

2) ပြီးရင် browse လုပ်လိုက်ပြီး ကိုယ်လုပ်မယ့် ပုံတွေ အကုန် ရွေးလိုက်ပါ။ ဒီမှာတော့ ကျနော့် ပုံ ၄ ပုံကို ရွေးလိုက်ပါတယ်။ ဘယ်ဘက်က option တွေမှာ လုပ်မယ့် ပုံပေါ်မူတည်ပြီး ကိုယ်လိုချင်တာ ရွေးပါ။ ကျနော်က Perspective ကို ရွေးပါတယ်။

3) ရွေးပြီး OK နှိပ်လိုက်တာနဲ့ ခဏအကြာမှာ ဆက်ပြီးသား ထွက်လာပါလိမ့်မယ်။

4) ထွက်လာရင် Layer တွေကို merge လုပ်လိုက်ပါ။

5) Layer တွေပေါင်းပြီးသွားရင် သုံးလို့ရတဲ့ အပိုင်းကို select လုပ်ပြီး အဲဒီက ဖြတ်လိုက်ပြီး နောက် အသစ် တစ်ခုမှာ paste လိုက်ပါ။ ဒါဆိုရင် လိုချင်တဲ့ panoramic ပုံထွက်လာပါမယ်။


တတ်သလောက် မှတ်သလောက် ပြန်ရေးတဲ့အတွက် ကျန်သွားတာ၊ မှားယွင်းတာရှိရင်လဲ ပြောကြပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
photographer_super wrote 387 Days Ago (neutral) 0ကျေးဇူးပဲ့ ကျွန်တော်လည်းရှိတယ်လို့သာကြားနေတာ လိုက်ရှာလို့မတွေ့ဖြစ်နေတယ် အိမ်ပြန်ရောက်ရင်စမ်းမှဖြစ်တော့မယ် P:)0 pointskosoemin wrote 545 Days Ago (neutral) 0ကိုHarry , ကျွှန်တော်ဓါတ်ပုံရိုက်တဲ့သင်တန်း တက်ချင်လို့ ကျေးဇူးပြု၍ ဘယ်မှာတက်သင့်တယ်ဆိုတာလမ်းညွှန်ပေးပါလားဗျာ။ ကျေးဇူးတင်စွာဖြင့်...........0 points








