ကျွန်တော့မှာD 3000 တစ်လုံးရှိပါတယ် ကမ်းခြေမှာရိုက်တာပါ။ပြသနာက 250 အထက်ကိုမီးမ၀င်တာပါ။ နေလုံးကြီးကပင်လယ်ထဲဝင်တာပါ(အဂန်းလိုက်ပါ) 400 အထက်လောက်တင်ရိုက်မှ ပင်လယ်ကပြာပါတယ်။250 အထက်မှီးဝင်အောင်ဖြစ်ဖြစ် ဒါမှမဟုတ် 250နဲ့ပင်လယ်ပြင်ကိုပြာနှမ်းနေအောင်ဖြစ်ဖြစ်ရိုက်လို့ရမယ့်နည်းလမ်းလေးများရှိရင်ပြောပေးကြပါ။ (ကါစတာမာတွေကလဲ ပင်လယ်ပြာမှကြိုက်တာပါ)
D 3000 ကိုဘယ်လိုရိုက်ရမလဲ
Quote
•
03.09.2011 22:41
•
0 people like this
•
|
Quote
•
08.09.2011 14:08
•
1 people like this
•
မီးမ၀င်ဘူးဆိုတာမှာ Flash ရဲ့  Sync Speed က ၂၅၀ ပဲ ရလို့ ပါ။ ၂၅၀ နဲ့ ရိုက်တာမှာ အပါချာ ဘယ်လောက်မှာထားရိုက်လဲဗျ။
အပါချာကို ဂဏန်းအကြီးမှာ ထားပြီး ကျစ်ပြီး ရိုက်ကြည့်ပါ။ ဒါမှ မဟုတ်ရင် နောက်ခံဘက်ဂရောင်း ၀ါးတားတားလေးလဲ လိုချင်သေးရင် ND Filter တပ်ရိုက်ကြည့်ပါ။ အပါချာကျယ်ကျယ်လဲ ရိုက်လို့ ရသွားပါလိမ့်မယ်။ ဒါမှ မဟုတ်သေးရင်တော့ ငွေပိုကုန်မယ့်အပေါက်တွေရှိပါသေးတယ်ခင်ဗျ။ ဖလက်ရှ်ကို Sync Speed 1/250 ကျော်ရချင်ရင် သုံးရမယ့် ပစ္စည်းတွေရှိသေးတယ်။
အရင်ဆုံးလွယ်တဲ့ နည်းတွေစမ်းကြည့်ပေါ့ဗျာ။
ဇီးလ် |




