Home Account
Photos People Blogs Forums Groups Events Videos About Us Help
  •  
 
 
 
Quote31.10.2011 07:000 people like thisLike
 

ဒီလိုဗျာ သိချင်လို့ 50 mm ပြောင်းက လူမျက်စိနဲ့ အနီးစပ်ဆုံးလို့ ပြောတယ်...။ 50 mm ပြောင်းဆိုတာ ဘာလဲ သူက 50 မီလီမီတာ အသေပေးထားတာလား သူက zoom ဆွဲလို့ မရဘူးလား အဲဒါလေးကို ရှင်းပြပေးပါဦးဗျာ...။ 18 - 55 mm နဲ့ 50 mm နဲ့က ဘယ်လိုကွဲလဲ... f တန်ဖိုးကတော့ သိတယ်...။ 18 - 55 ကတော့ 18 ကနေ 55 ထိ ဆွဲလို့ ရတယ်ဆိုတာ သိတယ်...။ ဒါပေမဲ့ 50 မှာကျတော့  50 မှာပဲ အသေပေးထားတာလား သူက zoom အတိုး အလျော့ လုပ်လို့ မရဘူးလားဆိုတာ သိချင်လို့ ပြောပြပေးပါဦးဗျာ...။ အဲဒါကို မရှင်းဘူးဖြစ်နေတယ်...။

Quote02.11.2011 22:550 people like thisLike
 

ဗျို့ ကိုရင်လွင်မွန်..
အစ်ကိုမေးတဲ့ interchangeable lens တွေမှာ ကွဲပြားတာက focal length, Aperture, Image stabilization ပါမပါ, format ( ကင်မရာမှာသုံးတဲ့ sensor အရွယ်အစား), lens mount ( ( ဘယ်ကင်မရာနဲ့ သင့်တော်အောင်လုပ်ထားတာလဲ) ဆိုတာတွေပါ၊ အခုပြောတဲ့ 18-55mm (standard zoom lens) တို့  50mm (prime lens) မှာကွဲပြားတာက focal length တွေပေါ့၊ ဆိုတော့ 50mm လို့ ပြောတဲ့အတွက် အစ်ကိုပြောသလို အသေပေါ့ဗျာ၊ ဒါပေမဲ့ သူက zoom lens တွေထက် ပေါ့တယ်၊ သေးတယ်၊ မြန်တယ်(ဒါက အပါချာနဲ့ ဆိုင်တယ်)။
ပုံထွက်ပြတ်သားတယ် ပေါ့ဗျာ။ ဒါကြောင့်မို့ လို့ အတိအကျရိုက်မဲ့နေရာတွေမှာ သိပ်အသုံးဝင်တယ်ခင်ဗျာ။ ဥပမာ အလင်းအားနည်းတဲ့ ရိုက်ကွင်းတွေမှာပေါ့ အကြောင်းက အပါချာကျယ်တော့ အလင်းအ၀င်များတာမို့ လို့ ပါ....ဒါဆိုလုံလောက်မလားမသိဘူး
ဈေးပေါပြီးလူကြိုက်များတာကတော့ canon 50mm f1.8 ဈေးနှုန်းကတော့ ကျပ် ၁ သိန်းဝန်းကျင်ပါ.APS-C sensor သုံးတဲ့ ကင်မရာဆိုရင် short telephoto perspective အနေနဲ့ သုံးလို့ ကောင်းတယ်..
ခင်မင်စွာဖြင့်

Quote06.11.2011 21:260 people like thisLike
 

ဟုတ်ပါတယ် 50 mm ဆိုတာ focal length ကိုပြောတာပါ (တစ်နည်းပြောရရင် မှန်ဘီလူးနဲ့ အလင်းဖမ်းတဲ့ sensor ရဲ့ အကွာဝေးကိုပြောတာ) 50mm အပြင် 35mm 85mm 100mm စတဲ့ lens တွေလဲ ရှိပါတယ်။ အဲဒါတွေက focal length တွေကို (zoom) အတိုးအလျှော့ လုပ်လို့ရမရတဲ့ prime lens တွေလို့ခေါ်ပါတယ်။ လူမျက်စိနဲ့ အနီးစပ်ဆုံးဆိုတာကတော့ သူ့ရဲ့ coverage perspective ကိုပြောတာပါ။ ဥပမာ 35mm ဆိုရင် ပိုကျယ်ပြီး ဝေးဝေးက မြင်ရတယ် 100mm ဆို ပိုကျဉ်းသွားပြီး အဝေးကဟာတွေကို အနီးကပ်မြင်ရတယ်။ 50mm ကျတော့ လူ့မကျလုံးနဲ့ မြင်ရသလိုမျိုး နီးနီးစပ်စပ်တူတယ်။ အဲဒါကို ဆိုလိုတာပါ။

Answered by  Harry

Quote06.12.2011 01:250 people like thisLike
 

What is different between zoom lens and telephoto lens? Thanks

Quote09.03.2012 21:490 people like thisLike
 

ကျွန်တော် camera ၀ယ်တော့ သူငယ်ချင်းကို လှမ်းမေးတယ်။ ဘယ် camera ၀ယ်ရင်ကောင်းမလဲပေါ့။ သူက Canon သမားဆိုတော့ ကျွန်တော့ကို 600D ၀ယ်ဖို့ပြောတယ်။ ကျွန်တော်လည်း ပိုက်ပိုက် အခြေအနေအရ 550 ဆို ဘယ်လိုလဲတော့ ပြောတော့ သူက ကောင်းပါတယ်တဲ့။ ဒါနဲ့ body ချည်း ၀ယ်လိုက်တယ် သူက lens ကတော့ 50 mm နဲ့ သုံးပေါ့ ပုံမှန် portrait ရိုက်ရင် အဆင်ပြေတယ်လို့ ပြောတာနဲ့ 50 mm ကို သုံးဖြစ်တယ် ပုံထွက်ကကောင်းပါတယ်။ ဒါပေမဲ့ ဘာzoom မှ သုံးမရဘူး။ ရိုက်ချင်တိုင်းရိုက်မရဘူးဖြစ်တယ်ဗျာ။ ဒါနဲ့ နောက် standard zoom တခု ၀ယ်သုံးမှ နည်းနည်း အဆင်ပြေတယ်။ ပုံထွက်က တော့ ကွာတယ်။ ဟိုကောင် 50 mm က တော်တော် ပိုကောင်းတယ်။

Copyright © 2012 MyanmarLensman.com. Powered by ShweBiz.com.