Home Account
Photos People Blogs Forums Groups Events Videos About Us Help
  •  
 
 
 
Nikon D3100 အတွက် Lens, Tele Zoom vs Wide Zoom
22.07.2011 10:590 people like thisLike
 

ကိုသောကြာ(အောင်ပန်း): Nikon D3100 နဲ့ဘယ်လို Lens မျိုး တွဲသုံးသင့်ပါသလဲဗျာ..။ Tele Zoom နဲ့ Wide Zoom ရဲ့ကွဲပြားပုံကိုနည်းနည်းလောက်ရှင်းပြပါလားဗျာ.။ ကျနော်က အခုမှ ဓါတ်ပုံစရိုက်တာမလို့ပါ..။

 

Uncle Admin: ကိုသောကြာ(အောင်ပန်း)ရေ... အစပိုင်းတော့ အကုန်လုံးစသလို Kit lens 18-55mm နဲ့ ရိုက်ဖို့ အကြုံပြုချင်ပါတယ်။ သူက Wide သဘောကော Tele သဘောပါ အကြမ်းဖျဉ်းပါတဲ့အတွက် ရိုက်ကြည့်ရင်း နောက်ပိုင်း ကိုယ်ရိုက်ချင်တဲ့ ပုံ အမျိုးစားပေါ်လိုက်ပြီး ထပ်ဝယ်ပေါ့။ Focal length နဲလာရင် (ဥပမာ 18mm) မြင်ကွင်းကျယ်လာပြီး၊ များလာရင် (55mm) မြင်ကွင်းကျဉ်းလာတယ်။ မြင်ကွင်းကျယ်လာရင် ကိုယ့်အနီးနားမှာရှိတာတွေ အကုန်မြင်ရသလို ဝေးသွားရင် အဝေးကဟာတွေကို အသေးစိတ်မြင်ရပါတယ်။ ဦးပြောတာ ကို နားလည်လွယ်အောင် ပုံတစ်ပုံပါ ထည့်ပေးလိုက်တယ်။ အဲတော့ မောင်ရင်မေးတာ ဖြေရရင် Tele ဆိုတာ 70-200 တို့ လို အဝေးကို လှမ်းဆွဲလို့ရတာတွေကိုခေါ်တယ်။ အများသောအားဖြင့် wild life နဲ့ လူပုံတွေရိုက်တဲ့အခါမှာ သုံးတယ်။ Wide ဆိုတာတော့ မြင်ကွင်းကျယ်ကျယ် ပိုမြင်ရပြီး 10-22mm တို့လိုမျိုးကို ခေါ်တယ်။ ရှုခင်းနဲ့ သဘာဝ အလှရိုက်တာတွေမှာ အသုံးများတယ်။ သိချင်တာတွေကို အတတ်နိုင်ဆုံး နားလည်လွယ်အောင် ဖြေပေးလိုက်ပါတယ်။


Tele-Zoom-and-Wide-Zoom-Variation.gif

Copyright © 2012 MyanmarLensman.com. Powered by ShweBiz.com.